အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်ပါ။
သို့
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် သမ္မတကြီး၊
ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးရေးရာ အခြေအနေ ကော်မရှင် (CSW) ၏ ၆၅ ပြည့် အထိမ်းအမှတ်အနေဖြင့် ကျွန်ုပ်တို့ Women’s Peace Network နှင့်အတူ လက်မှတ်ရေးထိုးထားသည့် အခြားအမျိုးသမီးအခွင့်အရေးရရှိရေးနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော အဖွဲ့အစည်းများအားလုံးမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာစစ်တပ်၏ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းယူလိုက်ပြီးနောက် မြန်မာပြည်တဝှမ်းတွင် အထွေထွေသပိတ်နှင့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများ၏ တောင်းဆိုချက်များမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်နှင့် မတရား ဖမ်းဆီးထားသော ပြည်သူများကို လွှတ်ပေးရန် စသည်တို့ဖြစ်သည်။
စစ်တပ်၏ အမိန့်အာဏာကို အကြမ်းမဖက် ငြိမ်းချမ်းသော အာဏာဖီဆန်မှုများဖြင့်သာ ဆန့်ကျင်သော အမျိုးသမီးများအပါအဝင် ပြည်သူများကို စစ်တပ်မှ အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် တရားမဝင် ဖမ်းဆီးပစ်သတ်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာစစ်တပ်၏ စစ်သားများသည် သမိုင်းတစ်လျှောက်တွင် အမျိုးသမီးများအပေါ် ကာမအကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအနေဖြင့် အသုံးပြုသည့် သာဓကများစွာ ရှိသည်ဖြစ်သောကြောင့် ယခုအခြေအနေကိုကြည့်လျှင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အခြေအနေများ တိုးတက်မှုမှာလည်း နောက်ပြန်ဆုတ်သွားဖို့သာ ရှိသည်ကို ကျွန်ုပ်တို့ စိုးရိမ်မိပါသည်။ ကျွန်ုပ်တို့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအခွင့်အရေးများအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လှုပ်ရှားမှုတွင် ပါဝင်သော အဖွဲ့ဝင်များအနေဖြင့် မြန်မာပြည်သူများ၏ အသံနှင့်အတူ ပူးပေါင်းတောင်းဆိုလိုက်သည်။
ဤတောင်းဆိုချက်မှာ မြန်မာစစ်တပ်နှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ၄င်းတို့ ကျူးလွန်ထားသည့် အကြမ်းဖက်မှုများအတွက် အရေးယူဒဏ်ခတ်ခံရမည်။ အမျိုးသမီးအခွင့်အရေးများကို သမိုင်းတစ်လျှောက် ချိုးဖောက်မှုများ၊ နိုင်ငံတကာဥပဒေများနှင့်စံများကို ချိုးဖောက်မှုများအပေါ် အရေးယူဒဏ်ခတ်ခံရခြင်း ရှိရမည် စသည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CEDAW) တွင် ပါဝင်သော
အချက်များကိုပါ ချိုးဖောက်လျက်ရှိသည်။ တစ်လကျော်အတွင်းမှာပင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို ကျည်အစစ်ဖြင့် ဖြိုခွင်းပစ်ခတ်မှုကြောင့် လူအများအပြား အသက်ဆုံးရှုံးရပြီး ထိုအထဲတွင် အမျိုးသမီး အယောက် ၂၀ အနည်းဆုံးသေဆုံးခဲ့ရသည်။ မြို့ပေါ် လမ်းမများထက်တွင် တပ်စွဲထားပြီး အမျိုးသားများနှင့်သာ ဖွဲ့စည်းထားသော လုံခြုံရေးအဖွဲ့ဝင်များမှ ဆန္ဒပြပြည်သူများနှင့် အမျိုးသမီးများကို လက်ကိုင်နံပါတ်တုတ်များဖြင့်ရိုက်ခြင်းနှင့် လေးဂွဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်နေပြီး တစ်ပြိုင်နက်တည်းမှာပင် မျက်ရည်ယိုဗုံး၊ ရေကား၊ အသံဗုံး၊ ရာဘာကျည်နှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းလျက်ရှိသည်။ တိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် မတရားဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများနှင့် ကာမအကြမ်းဖက်မှုများပါ လုပ်ဆောင်နေသည် ဆိုသည့် ထွက်ဆိုချက်များလည်း များသထက်များလျက်ရှိသည်။ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်ပါက မြန်မာစစ်တပ်နှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ကြမ်းကြုတ်ရက်စက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကြေညာချက်နှင့် ဥပဒေပြုသူများက ပြဌာန်းထားသည့် လက်နက်နှင့် အင်အားသုံးမှုဆိုင်ရာ အခြေခံစည်းမျဉ်းများကိုပါ ဆက်လက် ချိုးဖောက်သွားမည်မှာ အသေအချာဖြစ်သည်။
ကျွန်ုပ်တို့သည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအပေါ်ကြိုဆိုပါသည်။ လုံခြုံရေးကောင်စီ၏ ကြားဝင်ဆောင်ရွက်မှုသည် မြန်မာစစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများပြုလုပ်နေခြင်းကို ရပ်စေရန် အရေးပါသော အရေးယူမှုများပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းတွင် မြန်မာစစ်တပ်မှ မိမိ၏ အာဏာတည်မြဲရန်အတွက် လူနည်းစုတိုင်းရင်းသားများကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည့်အပြင် အမျိုးသမီးများအပေါ် ကာမအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို စစ်လက်နက်အသွင် အသုံးပြု ကျူးလွန်ခဲ့သည်။၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ UN Fact-Finding Mission Report အရ ၂၀၁၂၊ ၂၀၁၆နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာအမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အစော်ကားခံရခြင်း၊ လူအုပ်လိုက် မုဒိန်းကျင့်ခံရခြင်း၊ လိင်အကြမ်းဖက်စော်ကားမှုများ ပြုလုပ်ခံရခြင်း၊ လိင်ကျွန်များအဖြစ် စေခိုင်းခံရခြင်းနှင့် လိင်ပိုင်းအင်္ဂါများ ဖြတ်တောက်ခံရခြင်း စသည့် လုပ်ရပ်များကို စစ်တပ်၏ ‘နယ်မြေရှင်းလင်းရေးလုပ်ငန်းများ’ တွင် ကျူးလွန်ခံခဲ့ရပြီး စစ်တပ်၏ ထိုပြစ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ တစ်စုတစ်စည်းတည်း ထိရောက်သော အရေးယူဒဏ်ခတ်မှုများ မရှိခြင်း နှင့် ထိုရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ခတ်အရေးယူခံရခြင်း မရှိသေးသောကြောင့် စစ်တပ်သည် လိုင်စင်ရထားသကဲ့သို့ အခွင့်ကောင်းယူကာ မြန်မာနိုင်ငံ၏ ထိခိုက်လွယ်သော လူနည်းစုအဖွဲ့များအပေါ် ပြစ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိသည်။ ထို့ကြောင့် စစ်တပ်သည် ထိထိရောက်ရောက် အရေးယူခံရမှုမှ ကင်းလွတ်ကာ မတရားအကြမ်းဖက်မှုများ ဆက်လပ်လုပ်ဆောင်လျက်ရှိသဖြင့် စစ်တပ်၏ ပြစ်မှုများအားလုံးကို ယခုအခါတွင်မှု မည်သည့်နည်းဖြင့်မဆို ထိထိရောက်ရောက် အရေးယူပေးပါရန် တောင်းဆိုပါသည်။
လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအားလုံးပါဝင်သည့် ကျွန်ုပ်တို့မှ လုံခြုံရေးကောင်စီကို အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။
၁။ မြန်မာစစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့များကို နိုင်ငံတကာခုံရုံး International Criminal Court (ICC) တွင် နိုင်ငံတကာ ရာဇဝတ်မှုဥပဒေများနှင့်အညီ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အကြမ်းဖက်မှုများ အပါအဝင် ၄င်းတို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအားလုံးကို ရုံးတင်စစ်ဆေးနိုင်ရန် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးပါရန်။
၂။ အမျိုးသမီးများအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်နှိမ်နင်းနေမှုများကို ရပ်ရန် မြန်မာနိုင်ငံတွင် ကြားဝင်စေ့စပ်ပေးနိုင်ရန်နှင့် အခြေအနေများကို စောင့်ကြည့်အရေးယူနိုင်ရန် မြန်မာနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ပေးပါရန်။
၃။ မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင်များ၊ စစ်ကောင်စီအဖွဲ့ဝင်များပိုင်သော စီးပွါးရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးများကို ပိတ်ဆို့အရေးယူမှုများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးပါရန်။
၄။ မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချနေမှုများကို ရပ်ရန် ကမ္ဘာ့နိုင်ငံအားလုံးမှ တစ်ခဲနက် ပါဝင်ပေးပါရန်။
ဤအကြောင်းအရာနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ၏ ခေါင်းဆောင်မှုနှင့် အာရုံစိုက်ကြိုးပမ်းဆောင်ရွက်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါသည်။
လက်မှတ်ရေးထိုး
- Action Against Violence and Exploitation
- African Women 4 Empowerment e.V.
- African Women Leaders Forum
- Akahatá
- Aliran
- Alliance for Gender Inclusion in the Peace Process
- Alliance of Democracies Foundation
- ALTSEAN-Burma
- Articulación Feminista Marcosur
- Asha Parivar
- Asia Democracy Network
- Asia Pacific Forum on Women, Law and Development
- Asia Pacific Mission for Migrants
- Asian Migrants Centre
- Asian Migrants Coordinating Body
- Asian Muslim Action Network
- Asian Resource Foundation Nepal
- Association for Women’s Rights in Development
- Association of War Affected Women
- Aware Girls
- AZ ZAHARA Women Group
- Bayan Hong Kong and Macau
- Beyond Borders Malaysia
- Building and Wood Workers' International Asia-Pacific Regional Women's Committee
- California National Organization for Women
- CEDAW Action Myanmar
- Center for Prisoners’ Rights
- Center for Trade Union and Human Rights Philippines
- Center of Excellence on Women and Social Security, Walailak University of Thailand
- Centre for Feminist Foreign Policy
- CIS Timor
- Citizen News Service
- Civicus
- Coalition Against Trafficking in Women-Asia Pacific
- Collective for Research and Training on Development Action
- Commonwealth Human Rights Initiative
- Congregation of Our Lady of Charity of the Good Shepherd
- Congregation of Our Lady of Charity of the Good Shepherd, U.S. Provinces
- Congregation of St. Joseph
- Congregation of the Mission
- Count Me In! Consortium
- Covenants Watch
- Edmund Rice International
- Elman Peace Center
- Empatiku Foundation, Indonesia
- EMPOWER Malaysia
- Enlightened Myanmar Research Foundation
- Equality Bahamas
- EuroMed Feminist Initiative
- European Coalition-Global Refugee Led Network
- Federation of American Women's Clubs Overseas
- Feminist Alliance for Rights
- Feminist Task Force "Gender Equality to End Poverty"
- Feministischer Streik Darmstadt
- Fiji Women’s Rights Movement
- Filipino Migrant Workers Union
- Flora Tristán
- FOKUS – Forum for Women and Development
- Fondazione Pangea Onlus-REAMA Network
- Forum for Dignity Initiatives Pakistan
- Frauen für den Frieden Berlin
- Fund for Congolese Women
- Fundación para Estudio e Investigación de la Mujer
- GABRIELA Hong Kong
- Gender Equality Network
- Global Interfaith Network
- Global Justice Center
- Global Network of Sex Work Projects
- Global Network of Women Peacebuilders
- Global Partnership for the Prevention of Armed Conflict - Southeast Asia
- Hope Revival Organization
- Human Rights Watch
- Initiatives for International Dialogue
- Institute for Young Women Development
- Institute of the Blessed Virgin Mary - Loreto Generalate
- Inter Pares
- International Alliance of Women
- International Civil Society Action Network
- International Domestic Workers Federation
- International Federation for Human Rights
- International Presentation Association
- International Trade Union Confederation
- International Trade Union Confederation-Asia Pacific
- International Trade Union Confederation-Asia Pacific Women's Committee
- International Transport Workers’ Federation
- International Union of Food Workers Asia/Pacific Regional Organization
- International Women's Development Agency
- International Women's Rights Action Watch Asia Pacific
- Internet Law Reform Dialogue
- Iraqi Al-Amal Association
- Iraqi Women Network
- Justice for Iran
- Justice for Peace Foundation
- Kachin Women's Association of Thailand
- Karen Women’s Organization
- Kuki Women's Human Rights Organization
- L'Association Djazairouna
- La Federación Internacional De Abogadas USA
- Leadership Conference of Women Religious
- League for the Defence of Human Rights in Iran
- League of Women Voters of the United States
- Let's Breakthrough, Inc.
- MADRE
- Maldivian Democracy Network
- Manushya Foundation
- Maryknoll Office for Global Concerns
- Mercy International Association - Global Action
- Millennium Sistahs T&T
- Mon Women Organisation
- MUSAWAH GLOBAL VISION BERHAD
- Naripokkho
- National Advocacy Center of the Sisters of the Good Shepherd
- National Domestic Women Workers Federation
- National Fisheries Solidarity Organization
- National Organization for Women
- National Women Farmers and Workers Association, Bangladesh
- Nationality is a Right for Me and My Family Campaign
- Network for Solidarity, Empowerment and Transformation for All
- Network of Domestic Workers in Thailand
- Network of Migrant Domestic Workers in Thailand
- Network of NGOS of Trinidad and Tobago for the Advancement of Women
- New Women Connectors
- Ninu Chin Women Group
- Nobel Women's Initiative
- Odhikar, Bangladesh
- Operation 1325
- OutRight Action International
- Passionists International
- Pax Christi International
- Pax Romana
- Persatuan Sahabat Wanita Selangor
- Project SEVANA South-East Asia
- Public Services International, Asia Pacific Regional Office
- Punjab Women Collective
- Rainfall Feminist Women Group
- Religious of the Sacred Heart of Mary NGO
- Rohingya Women Empowerment and Advocacy Network
- RW Welfare Society - RWWS
- Servas International
- Sindh Nari Purhiat Council [Sindh Women Workers' Council], Pakistan
- Sisters of Charity Federation
- Sisters of Charity of Leavenworth Office of Justice, Peace, and Integrity of Creation
- Sisters of Charity of Nazareth Congregational Leadership
- Sisters of Charity of Nazareth Western Province Leadership
- Sisters of Charity of Seton Hill Generalate
- Sisters of Charity of Seton Hill, Korean Province
- Sisters of Charity of Seton Hill, United States Province
- Sisters of Notre Dame de Namur
- Somos la mitad, queremos paridad sin acoso - Perú
- Suara Rakyat Malaysia
- Synergie des Femmes pour les Victimes des Violences Sexuelles
- Tavoy Women's Union
- The Asian-Pacific Resource & Research Centre for Women
- The International Movement Against All Forms of Discrimination and Racism
- The Network of Chinese Human Rights Defenders
- U.S. Federation of the Sisters of St. Joseph
- UNANIMA International
- UNI Apro Women
- Union de l'Action Feministe Morocco
- United Domestic Workers of the Philippines
- United Filipinos in Hong Kong (UNIFIL-Migrante-HK)
- Urgent Action Funds
- Verein zur Förderung der Völkerverständigung
- Vietnam Committee for Human Rights
- Vital Voices
- VIVAT International
- VOICE
- Voice for Change, Papua New Guinea
- We women foundation International, The Netherlands
- We women foundation, Myanmar
- We Women Lanka Network
- WIN-Peace
- Women Against Violence Europe
- Women and Harm Reduction International Network
- Women and Media Collective
- Women Development Society
- Women for Justice Foundation - Canada
- Women for Peace and Justice
- Women Graduates-USA
- Women in Governance (WinG)-India
- Women in Law and Development in Africa
- Women in Response to Aids and Drug Addiction
- Women Peacekeepers (WePeace) Philippines
- Women Working for Social Progress
- Women's Committee of the Federation of Hotel, Restaurant, Plaza, Catering, Apartment and Tourism - Indonesia
- Women's International League for Peace and Freedom
- Women's International Peace Centre
- Women's Network for Peace, Germany / Frauennetzwerk für Frieden e.V.
- Women's Peace Network
- Women's Refugee Commission
- Women’s Organizations Network Myanmar